Mandalay Steel Website စတင် ထုတ်လွှင့်

03/Jul/2019
photo : stockquest/Adobe Stock

မန္တလေးမြို့ စက်မှုဇုံမှ သံကုန်သည်များ၊ သံရည်ကျိုနှင့် သံနန်းဆွဲ စက်ရုံများ ပူးပေါင်းဆောင်ရွက် ထားသော Mandalay Steel Website www.mandalaysteel.com အား ယနေ့ ဂျူလိုင်လ ၃ ရက် ၂၀၁၉ တွင် စမ်းသပ်ကာလအဖြစ် စတင် ထုတ်လွှင့်ခဲ့ပါသည်။ ဖော်ပြပါ website တွင် သံဈေးနှုန်းများ၊ သံဈေးကွက် သတင်းများ၊ သံထည်ပစ္စည်းများ ကို အသေးစိတ် ရှင်းလင်းဖော်ပြထားသည်။ လက်ရှိတွင် သံနန်းဆွဲ စက်ရုံများ ဦးစားပေး ဖော်ပြထားသော်လည်း နောင်တွင် သံရည်ကျိုနှင့် သံနန်းဆွဲ စက်ရုံများ အပြင် သံကုန်ကြမ်း ဝယ်ရောင်းလုပ်ငန်းများ နှင့် သံထည်ပစ္စည်းအရောင်းဆိုင်များ ကိုပါ ပူးတွဲဖော်ပြသွားမည် ဖြစ်ကြောင်း Mandalay Steel Group of Company မှ ပြောကြားခဲ့ပါသည်။ အသုံးပြုသူများ ပိုမိုအဆင်ပြေနိုင်ရန် ရည်ရွယ်၍ https://forms.gle/Dyxr3yPCo9g8v7Uy5 မှ စစ်တမ်းများ ကောက်ယူ လျှက်ရှိကြောင်းနှင့် စစ်တမ်းဖြေဆိုသူများအား အီးမေးမှ တဆင့် ဈေးကွက်သတင်းများ ပေးပို့သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

Copyright 2019 MANDALAY STEEL © All Rights Reserved