စိန်ရတနာ သံရည်ကျိုနှင့် သံနန်းဆွဲ စက်ရုံမှ မန္တလေး စက်မှုဇုံ (၂) ရှိ သံရည်ကျို စက်ရုံအတွက် စာရေးဝန်ထမ်း နေရာအတွက် ဝန်ထမ်း (၂) ဦး လျှောက်ထားနိုင်ပါသည်။
အသေးသုံး ငွေစာရင်းများ
ပစ္စည်း တင်/ချ စာရင်းများ
ပစ္စည်းလက်ကျန်စာရင်းများ


မန္တလေးမြို့ စက်မှုဇုံမှ သံကုန်သည်များ၊ သံရည်ကျိုနှင့် သံနန်းဆွဲ စက်ရုံများ ပူးပေါင်းဆောင်ရွက် ထားသော Mandalay Steel Website www.mandalaysteel.com အား ယနေ့ ဂျူလိုင်လ ၃ ရက် ၂၀၁၉ တွင် စမ်းသပ်ကာလအဖြစ် စတင် ထုတ်လွှင့်ခဲ့ပါသည်။ ဖော်ပြပါ website တွင် သံဈေးနှုန်းများ၊ သံဈေးကွက် သတင်းများ၊ သံထည်ပစ္စည်းများ ကို အသေးစိတ် ရှင်းလင်းဖော်ပြထားသည်။

ပါတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီရင်ခံစာရေးဆွဲရန် ညွှန်ကြားချက်များအရ သံ၊သတ္တုအရည်ကျို လုပ်ငန်းများ ပါတ်ဝန်းကျင်ထိခိုက်မှု စီမံခန့်ခွဲခြင်း အစီရင်ခံစာရေးသားရာတွင် မိရိုးဖလာ သံရည်ကျို ပုံလောင်းစက်ရုံများမှာ ထုတ်လုပ်မှုပမာဏ နည်းပါးသောကြောင့် ကင်းလွှတ်ခွင့် ရရှိနိုင်ရန် ဆွေးနွေးတင်ပြခြင်းကို ဇွန်လ ၆ ရက်နေ့က လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့သည်။

စက်ပစ္စည်းအခွန်အခများ ကောက်ခံခြင်းနှင့် ပါတ်သတ်သော ကိစ္စရပ်များကို စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင်များနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များမှ ဇွန်လ ၃ ရက်နေ့ မနက် (၉) နာရီ အချိန်တွင် စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီ ကနောင်ခန်းမအတွင်းရှိ ရွှေအိုးသင်တန်းခန်းမ တွင် ပြုလုပ်ခဲ့သည်။

စက်မှုဇုံ ဥပဒေ မူကြမ်း အပေါ် ပြင်ဆင်ဖြည့်စွက်သင့်သည်များကို ညှိနှိုင်းဆွေးနွေးပွဲ ကို မေလ ၂၂ ရက်နေ့ ညနေ ၂ နာရီက မြန်မာနိုင်ငံ ကုန်ထုတ်လုပ်သူများ အသင်း၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေး စက်မှု့ဇုန် လုပ်ငန်းရှင်များမှ စုပေါင်းတည်ဆောက်ခဲ့သော လျှပ်စစ်ဓါတ်အားခွဲရုံများ၊ ဓါတ်အားလိုင်းများ ဆက်စပ် ပစ္စည်းများအား နိုင်ငံတော် လျှပ်စစ်ဓါတ်အားပေးရေး ကော်ပရေးရှင်းသို့ အပ်နှံခြင်းအတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို မန္တလေးစက်မှုဇုန် ကနောင်ခန်းမတွင် မေလ ၂၀ ရက်နေ့က ကျင်းပခဲ့ပါသည်။