What is Mandalay Steel
မန္တလေးမြို့၏ သံ ဈေးကွက် သတင်းများ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်။ သံရည်ကျို၊ သံနန်းဆွဲ စက်ရုံများနှင့် သံအရောင်းဆိုင်များ၏ ထုတ်လုပ်ရောင်းချသော ပစ္စည်းများနှင့် ၎င်းတို့၏ ဈေးနှုန်းများကို လွယ်ကူလျင်မြန်စွာ ရှာဖွေနိုင်ရန် ရည်ရွယ်ပါသည်။
Foundry
စွန့်ပစ် သံထည် အမှိုက်များအား အသုံးပြုပစ္စည်းများအဖြစ် ပြန်လည်ပြောင်းလဲ ထုတ်လုပ်သော လုပ်ငန်းစုဖြစ်သည်။ မြန်မာနိုင်ငံ၏ အနယ်နယ် အရပ်ရပ်မှ စွန့်ပစ်သံထည်ပစ္စည်းများကို ဝယ်ယူ၍ နန်းဆွဲစက်များ ပြန်လည်အသုံးပြုနိုင်ရန် ပေါင်မုန့်ချောင်း(ပေါက်ချောင်း)များ ထုတ်လုပ်လျှက်ရှိသည်။ အမှိုက်များကို ပြန်လည် အသုံးပြုပစ္စည်းများ အဖြစ် ပြောင်းလဲခြင်းသည် သဘာဝပါတ်ဝန်းကျင် သယံဇာတများ ပြုန်းတီးခြင်းကို ကာကွယ်မှုလဲ ဖြစ်ပါသည်။ စက္ကူ၊ ပလပ်စတစ် စသော ပစ္စည်းများ ကို မဖယ်ရှားပါက ညှော်နံ့နှင့် မီးခိုးများ ထွက်ရှိတတ်သော်လည်း ယခုအခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ ညွှန်ကြားချက်များအား လိုက်နာ၍ ပတ်ဝန်ကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲမှု့အစီအစဉ်များ လုပ်ဆောင်လျှက်ရှိပါသည်။
Rolling Mills
သံရည်ကျိုစက်ရုံများမှ ပေါက်ချောင်းများ ဝယ်ယူ၍ မီးဖုတ်အပူပေးပြီး လိုအပ်သလို ပုံစံပြောင်းလဲ ရောင်းချကြသည်။ အများအားဖြင့် အဆောက်အဦးများတွင် အသုံးပြုသော သံပင် (ပန်းလုံး) များ ထုတ်လုပ် ရောင်းချသော လုပ်ငန်းစု ဖြစ်သည်။ ကြမ်းပြား (flat)၊ ပြောင်လုံးများ ထုတ်လုပ်သော စက်ရုံများလည်းရှိသည်။ နယ်မြို့များရှိ ပျဉ်ထောင်အိမ်ဆောက်ရာတွင် အသုံးပြုသော ကျင်တွယ်တိုင်များလည်း ထုတ်လုပ်သည်။ မီးဖုတ်ရာတွင် ဖွဲ (လွှစာ) သို့မဟုတ် ကျောက်မီးသွေး တို့ကို အသုံးပြုသည်။ အိမ်ဆောက်ပစ္စည်းသွင်းကုန်များကို အစားထိုး ထုတ်လုပ်သောလုပ်ငန်းစု ဖြစ်သဖြင့်၊ သွင်းကုန်လျော့ကျစေရန် ပံ့ပိုးနေသောလုပ်ငန်းစု ဖြစ်သည်။ ပြည်ပမှ တင်သွင်းလာသော သံပင် အရည်အသွေး သို့ရောက်ရှိနိုင်ရန် ကြိုးစားလျှက်ရှိသည်။
Wholesalers
ပြည်တွင်းပြည်ပမှ သံထည်ပစ္စည်းများအား တဆင့်ပြန်လည်ရောင်းချသော လုပ်ငန်းစုဖြစ်သည်။ သံပင်၊ သံပြား၊ square pipe (ဖောင်းချောင်း)၊ beams စသဖြင့် အဆောက်အဦးသုံး သံထည်ပစ္စည်းများ စုံလင်များပြားစွာ ရောင်းချကြသည်။ လုပ်ငန်းရှင်များ၏ အဆိုအရ ပြည်တွင်းထုတ်သံထည်များမှာ ဈေးကွက်လိုအပ်ချက်၏ ၂၀% ကိုသာ ထောက်ပံ့လျှက်ရှိသည်။
Objective (ရည်မှန်းချက်)
မန္တလေး စက်မှု့ဇုံရှိ သံရည်ကျိုစက်ရုံ၊ သံနန်းဆွဲစက်ရုံများနှင့် ပြည်တွင်းပြည်ပမှ အဆောက်အဦးသုံး သံထည်ပစ္စည်းများ လက္ကားရောင်းချနေသာ သံဆိုင်များ စုပေါင်း၍ ခိုင်မာသော သံဈေးကွက်တခု ဖော်ဆောင်ရန် ကြိုးပမ်းထားသော ပထမဆုံး ခြေလှမ်းဖြစ်သည်။ ဒေသတွင်းဈေးကွက်အား တစ်နိုင်ငံလုံးနှင့် ပြည်ပတင်ပို့မှု အထိ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ထားသည်။ ပြည်တွင်း၌ Recycle လုပ်ငန်းစုတခု လည်ပါတ်နေကြောင်း သိရှိစေကြရန်နှင့် နိုင်ငံအတွင်း သံ ဈေးကွက်အား အများပြည်သူသိရှိ နားလည်စေရန် ရှင်းလင်းတင်ပြသွားမည်။ SME Sector ဖွံ့ဖြိုးတိုးတတ်ရေးဖြစ်သော နိုင်ငံတော်၏ ရည်မှန်းချက်ကို တဖက်တလှမ်းမှ အထောက်အပံ့ပြုနိုင်ရန်၊ သွင်းကုန်အစားထိုး လုပ်ငန်းစုတစ်ခုအား နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် website မှ တဆင့် ကြိုးပမ်းနေခြင်း ဖြစ်ပါကြောင်း။